တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

10 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂) တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၀၀)  အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့နှင့် ဒေါ်သင်းသင်းချိုတို့ တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့က အမှာစကားပြောကြားသည်။   အခမ်းအနား တက်ရောက်လာသည့် အထက်တန်းရှေ့နေ ( ၁၀၆ ) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။