ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် “မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲ” ကျင်းပခြင်း

14 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာလ ၁၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမတွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၁၄ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၀၉ : ၀၀ နာရီ မှ  ၁၂ : ၀၀ နာရီထိ Online/ In person (Hybrid) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသိန်းကိုကို နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်လှမြင့်တို့က အဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်ဒေါ်တင်နွယ်စိုးက မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍လည်းကောင်း မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ဆွေးနွေးပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်အေးအေးလှိုင်က “မူပိုင်ခွင့်ဆိုင်ရာဥပဒေ (၄) မျိုး၏အနှစ်ချုပ်” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဇေယျာသီရိခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်က “စာပေနှင့်အနု ပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောင်မြေသာစံခရိုင်တရား ရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်လွင်လွင်လှိုင်က “တီထွင်မှုမူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပျဉ်းမနားခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးစိုးခွန်ဖြူက “New Patent Law and; New Issues, Challenges and Role of Intellectual Property Court” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်က “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာသုတအဖြာဖြာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေး တင်ပြခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာအမေးအဖြေများ စာအုပ်ပြုစုထုတ်ဝေရေး လုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦးတို့သည် (Online) အွန်လိုင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ တိုင်းတရားရေးဦးစီးမှူး၊ ခရိုင် အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၅၃) ဦး နှင့် မန္တလေးရှေ့နေအသင်းမှ အသင်းဝင် ရှေ့နေများ (၅၆) ဦး၊ စုစုပေါင်း (၁၀၉) ဦးတို့သည် in person ကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ စုစုပေါင်း (၁၃၄) ဦး တက်ရောက်ခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။