တရားရုံးဝန်ဆောင်မှု (ဆရာဖြစ်) သင်တန်း ကျင်းပ

23 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

တရားရုံးဝန်ဆောင်မှု (ဆရာဖြစ်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ Hybrid System ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းသည် ၂၀၂၅ ခုနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၁.၃.၁ ဖြစ်သည့် “တရားသူကြီးများနှင့် တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှုသင်တန်းများ ဆက်လက်ပေးခြင်း” ဟူသည့် လုပ်ငန်းအစီအစဉ်အား အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သတင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများသည် တရားရုံးသို့လာရောက်သော တရားရုံးအသုံးပြုသူများအား ၎င်းတို့နှင့်ထိစပ်ရသည့်အဆင့်တိုင်းတွင် ကူညီပေးစွမ်းနိုင်သော၊ အရည်အသွေးမြင့်မားသော ဆက်ဆံမှုနှင့် ဝန်ဆောင်မှုများကိုပေးအပ်ပြီး တရားရုံးအသုံးပြုသူများ၏ လိုအပ်ချက်များကို အလေးထားဆောင်ရွက်ပေးနိုင်ရန်နှင့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်ပြီးစီးပါက တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များတွင် ဝန်ဆောင်မှုသင်တန်းများ ဆက်လက်ပို့ချပေးသွားနိုင်ရန် ရည်ရွယ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (e-Gov/သတင်း/သုတေသန)၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်မှ သင်တန်းသား/ သင်တန်းသူ (၁၂၇) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၂) ရက် ကြာမြင့်မည်ဖြစ်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။