ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

29 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ  ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးသောင်းနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၅(မကွေး)၊ ၃၅/၂၀၂၅(ဧရာဝတီ)၊ ၃၆/၂၀၂၅ (မကွေး)၊ ၃၉/၂၀၂၅ (ရန်ကုန်)၊ ၄၀/၂၀၂၅ (မန္တလေး)၊ ၄၄/၂၀၂၅ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၅ (ရန်ကုန်)နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၅ (မန္တလေး)၊ ၄၁/၂၀၂၅ (ပဲခူး)၊ ၄၇/၂၀၂၅ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။