တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်) ထုတ်ပြန်ခြင်း

30 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၃၀     

                                                                                

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမျှတမှုရရှိစေရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး” ဟူသည့်ဆောင်ပုဒ်ဖြင့် တတိယအကြိမ်မြောက် “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မဟာဗျူဟာစီမံကိန်း၏ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မဟာဗျူဟာလုပ်ငန်းအစီအစဉ်များ နှစ်စဉ်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ “တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) တွင် တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များ၊ တန်ဖိုးများ ရရှိအောင်မြင်စေရန်အတွက် မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၅) ရပ် ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများ အများပြည်သူလက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည်မြှင့်တင်ရန်၊ တရားစီရင်ရေး၏ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်နှင့် ထိရောက်သောမှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန်တို့ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ် များကို အရေးကြီးမှုအစီအစဉ်အလိုက် ဦးစားပေးအဆင့်များသတ်မှတ်၍ နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိပါသည်။

သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ (၃) နှစ်တာကာလအတွင်း ဦးစားပေးအဆင့် (၁) အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ပြီး၊ ယခု ၂၀၂၆ ခုနှစ်တွင် မပြီးပြတ်သေးသော လုပ်ငန်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန်နှင့် အသစ်ထပ်မံဆောင်ရွက်ရန်ကိစ္စများအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ်ကို ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။