မြန်မာနိုင်ငံတရားစီရင်ထုံး ပြုစုထုတ်ဝေရေး အပြီးသတ်အစည်းအဝေးနှင့် ဉပဒေစာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

29 Jul 2020

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် ဇူလိုင် ၂၉

၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ပြုစုထုတ်ဝေရေးကိစ္စနှင့်စပ်လျဉ်း၍ အပြီးသတ်အစည်းအဝေးကို ယနေ့ နံနက် (၀၉း၀၀) အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။        

အဆိုပါ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာနိုင်ရန်အတွက် တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးစိုးသိန်းက Mulla ရေးသားပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်ပုံနှိပ်ထားသည့် The Code of Civil Procedure (19th Edition 2017)စာအုပ် (၃) အုပ်အား မြန်မာနိုင်ငံတရားစီရင်ထုံး ပြုစုထုတ်ဝေရေးအဖွဲ့ ဉက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြင့်အောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။