“The Future of Judiciary in an AI-Driven World စကားဝိုင်းဆွေးနွေးပွဲ” ကျင်းပပြုလုပ်

16 Jan 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၆

တရားသူကြီးများ၊ တရားရေးဝန်ထမ်းများအနေဖြင့် AI နည်းပညာကို ပိုမိုသိရှိစေရန် ရည်ရွယ်၍ The Future of Judiciary in an AI-Driven World” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ e-Government ဌာနက ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နံနက် ၀၉:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်ရုံး ၊ e-Government  ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆုဝေလဲ့က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး Panelist များ ဖြစ်ကြသည့် ဦးကိုကိုလွင် (ညွှန်ကြားရေးမှူး၊ e-Government  ဌာန) ၊ ‌‌ဒေါက်တာမိမိငယ် (Managing Director, Realistic Infotech Group Co., Ltd) ၊ ဒေါ်ပန်းအိဖြူ (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်) နှင့် ဦးဌေးလင်း (နည်းပညာအကြံ‌ပေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့) တို့က AI ခေတ်၏ အနာဂတ်တရားစီရင်ရေး အခန်းကဏ္ဍ AI နည်းပညာအတွက် တိကျခိုင်မာသည့်မူဘောင်များ သတ်မှတ်နိုင်ရေး၊ AI နည်းပညာ၏ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ နိုင်ငံတကာ၏ တရားစီရင်ရေးတွင် AI နည်းပညာအသုံးပြုမှု စသည့်ခေါင်းစဥ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်‌‌ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

အဆိုပါနည်းပညာစကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း (၁၀၆၈) ဦးတက်ရောက်ကြသည်။ 

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။