ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

26 Jan 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  ဇန်နဝါရီ  ၂၆

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်သင်းသင်းနွဲ့၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်သင်းသင်းချို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၅ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၅(မန္တလေး)၊ ၄၁/၂၀၂၅(ပဲခူး)၊ ၄၇/၂၀၂၅(မန္တလေး)၊ စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၂/၂၀၂၅ (ရန်ကုန်)၊ ၂၈/၂၀၂၅ (ကချင်)၊ ၄၃/၂၀၂၅ (ဧရာဝတီ)၊ ၄၅/၂၀၂၅ (ကချင်)၊ ၅၃/၂၀၂၅ (ရန်ကုန်)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၅) မှုတို့ကို  ရုံးထိုင်ကြားနာခဲ့ကြောင်းသတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။