“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း” ပြုလုပ်ခြင်း

02 Feb 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

         

“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာအသိပညာ ပေးသင်တန်း” ကို ဇေယျာသီရိခရိုင်တရားရုံး၌ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈း၃၀ နာရီတွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းတွင် အထက်တန်းရှေ့နေသက်သေခံလက်မှတ်ကိုင်ဆောင်သူများ လိုက်နာရန်အချက်များ၊ ရှေ့နေကျင့်ဝတ်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်း၊ ရှေ့နေဆိုင်ရာ အခွင့်အရေးများကိုလည်းကောင်း၊ AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာ လုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် AML / CFT ဆိုင်ရာ အရေးယူခြင်းများကိုလည်းကောင်း တာဝန်ရှိသူအသီးသီး ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းသည်။

အခမ်းအနားသို့ အထက်တန်းရှေ့နေသက်သေခံလက်မှတ် ရယူကြမည့် အလုပ်သင်ရှေ့နေ ( ၉၄ ) ဦးတို့ တက်ရောက်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။