သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂) တွင် အထက်တန်းရှေ့နေသို့ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချို တက်ရောက်၍ အမှာစကားပြောကြားသည်။ အခမ်းအနား တက်ရောက်လာသည့် အလုပ်သင်ရှေ့နေ (၉၄) ဦးတို့အား အထက်တန်းရှေ့နေသို့ထုတ်ပေးသည့် တာဝန်ခံလက်မှတ်များ ပေးအပ်ပြီးနောက် လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။