သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင်တရားရုံး၌ ယမန်နေ့ နေ့လယ် ၂း၀၀ နာရီ တွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။
သင်တန်းတွင် အထက်တန်းရှေ့နေသက်သေခံလက်မှတ်ကိုင်ဆောင်သူများ လိုက်နာရန်အချက်များ၊ ရှေ့နေကျင့်ဝတ်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူခြင်း၊ ရှေ့နေဆိုင်ရာအခွင့်အရေးများကိုလည်းကောင်း၊ AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာလုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် AML / CFT ဆိုင်ရာအရေးယူခြင်းများကိုလည်းကောင်း တာဝန်ရှိသူအသီးသီး ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းသည်။
အခမ်းအနားသို့ အထက်တန်းရှေ့နေသက်သေခံလက်မှတ်ရယူကြမည့် အလုပ်သင်ရှေ့နေ ( ၇၈ ) ဦးတို့ တက်ရောက်သည်။