အထက်တန်းရှေ့နေသို့ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

20 Feb 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂)  တွင် အထက်တန်းရှေ့နေသို့ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်သည့်  အခမ်းအနားကို ယနေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး  ဒေါ်ပြုံးပြုံးအေးတက်ရောက်၍ အမှာစကားပြောကြားသည်။   အခမ်းအနားတက်ရောက်လာသည့် အလုပ်သင်ရှေ့နေ (၇၈) ဦးတို့အား အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်များပေးအပ်ပြီးနောက် လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။