ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

23 Feb 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဒေါ်ပြုံးပြုံးအေး၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၂/၂၀၂၅(ရန်ကုန်)၊ ၂၈/၂၀၂၅ (ကချင်)၊ ၄၃/၂၀၂၅ (ဧရာဝတီ)၊ ၄၅/၂၀၂၅(ကချင်)၊ ၅၃/၂၀၂၅(ရန်ကုန်)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၅ (မန္တလေး)၊ ၄၆/၂၀၂၅ (ရန်ကုန်)၊ ၅၀/၂၀၂၅ (ကချင်)၊ ၅၁/၂၀၂၅ (ကချင်)၊ ၅၂/၂၀၂၅ (ရန်ကုန်)၊ ၅၄/၂၀၂၅ (ဧရာဝတီ)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၆) မှုတို့ကို  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။