ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်နှင့် လိုင်စင်ရသူများ၏ ထိမ်းမြားမှုကိစ္စရပ်များဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

25 Feb 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၅

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်နှင့် ထိမ်းမြားမှုလိုင်စင်ရသူများ၏  ထိမ်းမြားခြင်းကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉:၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး (လုပ်ထုံး၊ အငြင်းပွား၊ စစ်ဆေးရေး) နှင့် လုပ်ထုံးလုပ်နည်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်မှ ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများ၏ ဆွေးနွေး ပြောကြားချက်များကို ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားမှုလိုင်စင်ရသူ (၁၅) ဦးတို့က In Person ဖြင့်လည်းကောင်း၊ (၄) ဦးတို့က Video-Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။ ဆွေးနွေးပွဲအား (၁း၀၀) နာရီ အချိန်တွင် ရပ်နားခဲ့သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။