သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ခရိုင်ထိမ်းမြားခြင်းမှတ်ပုံတင်အရာရှိများ၏ လုပ်ငန်းဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၉:၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ လိုင်စင်ထုတ်ပေးခြင်း၊ ထိမ်းမြားမှုသက်သေခံလက်မှတ်များနှင့် မှတ်ပုံတင်စာအုပ်များပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် မြန်မာအမျိုးသမီးများအား လှည့်ဖျား၍ ထိမ်းမြားပြီး လူကုန်ကူးခေါ်ဆောင်သည့်အန္တရာယ်မှ ကာကွယ်ရေးအတွက် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင် စိစစ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး (လုပ်ထုံး၊ အငြင်းပွား၊ စစ်ဆေးရေး)၊ လုပ်ထုံးလုပ်နည်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်နှင့် ခရိုင်မှတ်ပုံတင်အရာရှိများဖြစ်သည့် ခရိုင်တရားသူကြီးများ စုစုပေါင်း (၁၁၆) ဦး တက်ရောက်သည်။
Nay Pyi Taw, February 27
The meeting between the Registrar-General and District Marriage Registrars was held in person and virtually at the Meeting Room of the Office of the Union Judiciary Supervision of the Supreme Court of the Union on February 27, 09:00 AM.
In the meeting, the Registrar-General, Daw Tin Nwe Soe, Director-General of the Union Judiciary Supervision, Deputy Director-General U Aung Kyaw Moe and Director Daw Thuzar Aung discussed about the matters on granting of licenses under the Christian Marriage Act; process of sending the marriage certificates and registers to the Registrar-General; scrutinizing process of marriage deeds between the foreigners and Myanmar women in order to prevent fake marriages for trafficking in person purposes.
To the meeting, the Registrar-General Daw Tin Nwe Soe, Director-General of the Office of the Union Judiciary Supervision, Deputy Director-General U Aung Kyaw Moe, Director Daw Thu Zar Aung, and 116 District Judges who have been assigned as District Marriage Registrars under the Christian Marriage Act.