တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

03 Apr 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဧပြီ  ၃

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်းအမှတ်စဉ်()သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၇: ၀၀ ) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ် (Judicial College) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ -၂-၂၀၂၆ ရက်နေ့မှ   ၃-၄-၂၀၂၆ ရက်နေ့အထိ ရက်သတ္တပတ်(၉)ပတ်ကြာမြင့် ကြောင်းနှင့် သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးအဆင့်ရှိ သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။