သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ မေ ၁၂
“ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင် တရားရုံး၌ ယမန်နေ့ နေ့လည် ၂း၀၀ နာရီတွင် ပြုလုပ်ရာ ၁၂-၅-၂၀၂၆ ရက်နေ့တွင်တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ရယူကြမည့် အထက်တန်းရှေ့နေ (၁၃၄ ) ဦးတို့ တက်ရောက်သည်။
သင်တန်းတွင် AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာလုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် အရေးယူခြင်းများကို ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွေးက ပို့ချဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းသည်။
အဆိုပါသင်တန်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆ခုနှစ်) တို့အရ ဆောင်ရွက်ခြင်းဖြစ်သည်။