တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

12 May 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ မေ ၁၂

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂)  တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် (၈:၀၀)  အချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး  ဦးသိန်းကိုကိုနှင့် ဒေါ်စိုးခက်ခက်တို့   တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသိန်းကိုကိုက အမှာစကားပြောကြားသည်။   အခမ်းအနား တက်ရောက်လာသည့် အထက်တန်းရှေ့နေ (၁၃၄ ) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။