“စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆)” ကျင်းပခြင်း

14 May 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ မေ ၁၄

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် အနှစ်ချုပ်စာအုပ်တို့ကိုစိစစ်၍ လမ်းညွှန်မှုပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်ပြုစုရေး လုပ်ငန်းအဖွဲ့ဝင်တို့၏ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက် ၀၉း၃၀ မှ နေ့လယ် ၁၂:၀၀ နာရီအထိ  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Online & In person Hybrid System ပူးတွဲစနစ်ဖြင့် ကျင်းပပြုလုပ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ပြုံးပြုံးအေးနှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ် ပြုစုရေးလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး (ခရိုင်တရားသူကြီး၊ ပြည်ခရိုင်တရားရုံး)၊ ဦးမင်းသန့်က မူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ်စာအုပ်ထုတ်ဝေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်ပြုစုရေး လုပ်ငန်းအဖွဲ့ဝင်တို့က စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်(မူကြမ်း)နှင့် အနှစ်ချုပ်စာအုပ် (မူကြမ်း) တို့ကို အသီးသီးဆွေးနွေး တင်ပြကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်ပြုစုရေး လုပ်ငန်းအဖွဲ့ဝင်တို့က အသီးသီးညှိနှိုင်း ဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ပြုံးပြုံးအေး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊  စာပေအနုပညာ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများစာအုပ် ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၈) ဦး တက်ရောက်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။