ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

18 May 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  မေ  ၁၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂/၂၀၂၆ (မွန်)၊ ၃/၂၀၂၆ (ရန်ကုန်)၊ ၄/၂၀၂၆(ဧရာဝတီ)၊ ၅/၂၀၂၆(ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄)မှု တို့ကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၅ (မန္တလေး)၊ ၅၆/၂၀၂၅ (ဧရာဝတီ)၊ ၆/၂၀၂၆ (ရန်ကုန်)၊ ၇/၂၀၂၆ (ကချင်)၊ ၁၅/၂၀၂၆ (ကရင်)၊ စုစုပေါင်း  တရားမ အထူးအယူခံမှု (၅)မှု တို့ကို  ရုံးထိုင်ကြားနာခဲ့ကြောင်းသတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။