ရှေ့နေရှေ့ရပ်လုပ်ငန်းခွင်များအား ကွင်းဆင်းစစ်ဆေး

08 Jun 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇွန် ၈

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရည်မှန်းချက် (၃) ပါ သတင်းပို့အဖွဲ့အစည်းများ၏ လွှဲပြောင်းဆောင်ရွက်မှုများ စောင့်ကြည့်စစ်ဆေးမှုနှင့် မှတ်တမ်းထိန်းသိမ်းမှုစနစ်များ ပိုမိုတိုးတက်လာစေရန် အစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကြီးကြပ်ရေးအာဏာပိုင်၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် AML / CFT ဆိုင်ရာလိုက်နာဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ရှေ့နေရှေ့ရပ်လုပ်ငန်းခွင်(၉)ခုအား ဇွန်လ ၆ နှင့် ၇ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဝင်းကိုကိုနှင့်အတူ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် ဦးစိုးသိန်းနှင့် ဒေါ်ခင်နုသာ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင် ရဲမှူးကိုကိုလေးတို့က ဆောင်ရွက်ခဲ့ကြပြီး Luther Law Firm Limited မှ Managing Director Alexander Bohusch ၊ Legal Chance Law Firm မှ ဒေါ်နန်းစုမြတ်နိုးထွဋ်၊ SSMT Consultancy Co, Ltd မှ ဒေါ်စုစုမြတ်၊ Myanmar Legal Mori Hamda Limited မှ ဒေါ်သစ်သစ်အောင်၊ U Tin Yu &  Associates Co, Ltd မှ ဒေါ်မေသူဇော်၊ တရားလွှတ်တော်ရှေ့နေများဖြစ်သော ဒေါ်ဝင်းပပသိန်း၊ ဒေါ်ခင်ယုမွန်၊ ဦးထိန်လင်းသန်းနှင့် အထက်တန်းရှေ့နေ ဦးအောင်နိုင်စိုးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။