“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း” ပြုလုပ်ခြင်း

12 Jun 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇွန်  ၁၂

         

“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင်တရားရုံး၌ ယမန်နေ့ နေ့လယ် ၂း၀၀ နာရီ တွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းတွင် အထက်တန်းရှေ့နေသက်သေခံလက်မှတ် ကိုင်ဆောင်သူများ လိုက်နာရန်အချက်များ၊ ရှေ့နေကျင့်ဝတ်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူခြင်း၊ ရှေ့နေဆိုင်ရာအခွင့်အရေးများ၊ AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာလုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် AML / CFT ဆိုင်ရာ အရေးယူခြင်းများ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ညွှန်ကြားရေးမှူးချုပ်နှင့် ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးတို့က အသီးသီးရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများ၏ မေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

အခမ်းအနားသို့ အထက်တန်းရှေ့နေ သက်သေခံလက်မှတ်ရယူကြမည့် အလုပ်သင်ရှေ့နေ  (၁၀၉) ဦးနှင့် ခရိုင်အဆင့်တရားသူကြီးများ၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနတို့မှ တရားရေးအရာရှိများလည်း တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။