ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

29 Jun 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊  ဇွန်   ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၆ (ရှမ်း)၊ ၄/၂၀၂၆ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၆ (တနင်္သာရီ)၊ ၁၆/ ၂၀၂၆ (ပဲခူး)၊ ၁၇/၂၀၂၆ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။  တရားမအထူးအယူခံမှုအမှတ် ၄၈/၂၀၂၅ (ရန်ကုန်)၊ ၈/၂၀၂၆ (ကချင်)၊ ၁၈/၂၀၂၆ (ရန်ကုန်)၊ ၁၉/၂၀၂၆(ရန်ကုန်)၊ စုစု‌ပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။