သတင်းအကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ ဇူလိုင် ၁
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဂေဟစနစ်တည်ငြိမ်ကောင်းမွန်ရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေးနှင့် ပြည်သူများနှင့်ဝန်ထမ်းများအကြား သစ်တောထိန်းသိမ်းရေးအသိပညာများ ပိုမိုနိုးကြားလာစေရေးအတွက်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇:၀၀ နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကွန်တိန်နာအိမ်ရာဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခေတ္တဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများက ရတနာတန်းဝင်ကျွန်းပင် ( ၃၀၀ ) ပင်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ကပျိုးပင်များ တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု့ အားပေးခဲ့သည်။