( ၂၀ ) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

27 Jul 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇူလိုင် ၂၉

(၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၀၆:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး တက်ရောက်ကြည်ညို၍ အရုဏ်ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဇမ္ဗူအေးကျောင်းတိုက်၊ ဇေယျာသိမ်ကျောင်းတိုက်နှင့် လမ်းသပြေကုန်းကျောင်းတိုက်တို့မှ ပင့်ဖိတ်ထားသည့် သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနား အစီအစဉ်အရ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တက်ရောက်လာသူ ဧည့်ပရိသတ်အပေါင်းတို့က ဇမ္ဗူအေးကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။