ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Web Portal စတင်လွှင့်တင်ခြင်း

01 Dec 2020

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် ဒီဇင်ဘာ ၁

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူလူထု၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့” ဆိုသော ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးဆိုင်ရာ မဟာဗျူ ဟာ စီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲခဲ့ပြီး လုပ်ငန်းနယ်ပယ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်” ဟူသည့် လုပ်ငန်းနယ်ပယ်တစ်ရပ်လည်း ပါဝင်ပါသည်။  ထိုလုပ်ငန်းနယ်ပယ်အောက်တွင် “အများပြည်သူဆိုင်ရာ သတင်းအချက်အလက် အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း” ဟူသည့် မဟာဗျူဟာအစီအစဉ် ၂.၁.၃ ထည့်သွင်း၍           ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website ကို  Web Portal အသွင်ကူးပြောင်းနိုင်ရေးအတွက် Upgrade ပြုလုပ်ခြင်းအား ၂၀၁၉ နှင့် ၂၀၂၀ မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များတွင် ထည့်သွင်း၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့မှစ၍ ပြောင်းလဲလွှင့်တင်ထားပြီး  ဖြစ်ပါသည်။

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Web Portal သည် ယခင် Website နှင့် နှိုင်းယှဉ်ပါက Design အပြင်အဆင်များမှာ ပိုမိုရိုးရှင်း၍ ဆွဲဆောင်မှုရှိသည့် အပြင် စီရင်ထုံးများရှာဖွေနိုင်သည့် Web Application ကိုပါ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်၍ တရားရုံးအသုံးပြုသူများ၊ တရားစီရင်ရေးဆိုင်ရာ သတင်း အချက်အလက်များကို စိတ်ပါဝင်စားသည့် ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်မည့်အပြင် ဥပဒေပညာရှင်များ၊ ဥပဒေလေ့လာသူများ အတွက်လည်း များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Web Portal အား အောက်ပါလင့်မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

          https://www.unionsupremecourt.gov.mm/

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။